မောင်တော မတ် ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားလာ စေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအား အရည်အချင်းမြှင့်မားရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၏ လုပ်ငန်းတာဝန်များ၊ ရပ်/ကျေးဥပဒေ၊ နည်းပဒေများ ပိုမိုသိရှိစေရန်၊ ဆက်စပ်ဌာနဆိုင်ရာများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်များနှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ တာဝန် ဝတ္တရားများ၊ အခွင့်အရေးများ သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး ယခုအခါ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် သင်တန်းမှ ပို့ချပေးလိုက်သော သက်ဆိုင်ရာ ဘာသာရပ်များကို စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သင်ယူခဲ့ကြသည့်အတွက် အလွန်ပင် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများထံသို့ သင်တန်းဆင်း လက်မှတ်များအား အသီးသီးပေး အပ်ခဲ့ ကြသည်။
အဆိုပါ သင်တန်းတွင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနများအလိုက် ဘာသာရပ်များအား သင်ကြား ပို့ချပေး ခဲ့ခြင်းဖြစ်ပြီး သင်တန်းကို ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ခေတ္တအုပ်ချုပ် ရေးမှူးများ၊ တာဝန်ခံများ စုစုပေါင်း (၈၈) ဦး တက်ရောက်သင်ယူခဲ့ကြရာ သင်တန်းကာလမှာ မတ်လ ၇ ရက်နေ့မှ ၁၃ ရက် နေ့အထိ (၁) ပတ်ကြာမြှင့် ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)