ဗန်းမော် မတ် ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူအောင်က မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရန် ရှောင်ရန်အချက်များကို လည်းကောင်း၊ မြို့နယ် ဥပဒေအရာရှိ ဦးပိုင်စိုးက မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော ပြစ်မှုပြစ်ဒဏ်များအကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေက သတင်းအမှားအမှန် ရွေးချယ်တတ်နိုင်ရေးအတွက် သိကောင်းစရာ အချက်များကိုလည်ကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(၁)မှ ဒုရဲမှူး ကျော်မိုးနိုင် လူကုန်ကူးမှု လျော့နည်းပပျောက်စေရေးအတွက် အသီးသီးပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်း သတ်ခြင်း အမျိုးမျိုးကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အတူ လက်တွေ့ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးလောထန်နှင့် ဆရာ၊ ဆရာမ (၁၄)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၆၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)