မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ

မန္တလေး မတ် ၁၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း၊ ၂၁လမ်းနှင့် ၂၂လမ်းကြား၊ မြို့ နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ လူထုအခြေပြုဗဟိုဌာနတွင် ကလေးစာပေဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်စာရေးဆရာအသင်း နာယကဦးကံလှ (မောင်လူလှ)၊ ဦးလှဘော် (လှဘော်-မအူပင်)၊ ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်၊ စာရေးဆရာ ဦးဝင်းနိုင် (ရေချမ်း-မန်း) စာပေဝါသနာရှင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စပယ်နှင့် ဝန်ထမ်းများအမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/သူလေးများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နာယကဦးကံလှက  အဖွင့်အမှာစကား ပြောကြားပြီး၊ စာရေးဆရာ ဦးဝင်းနိုင် (ရေချမ်း-မန်း) က ကလေးစာပေနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်စပယ်က ကျေးဇူးတင်စကားပြောကြားပြီး၊ စာရေးဆရာ ဦးဝင်းနိုင် (ရေချမ်းမန်း) က  မြို့နယ်စာရေးဆရာ အသင်းသို့ စာအုပ်များပေးအပ်လှူဒါန်းရာ နာယကဦးကံလှနှင့် အသင်းဥက္ကဋ္ဌ ဦးထွဏ်းလှအောင်တို့က အ သီးသီးလက်ခံရယူကြကြောင်း သတင်းရရှိပါသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)