ကော့သောင်းမြို့တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံပေး

 

ကော့သောင်း မတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး  ၊ ကော့သောင်းခရိုင် ၊  ကော့သောင်းမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးခြင်းကို  ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက ၊ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် အေးရိပ်ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား  ကျန်းမာရေးဌာနဝန်ထမ်းများက  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ပြီး ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူ အသက်(၁၈)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်း ၊ပထမအကြိမ် ထိုးနှံထားပြီးသူများနှင့် ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကျော်စိုး(ကော့သောင်း)