သန်လျင်မြို့နယ် စာရေးဆရာအသင်းက ကျင်းပသော ရေးသူ၊ ဖတ်သူ စာပေမျှဝေပွဲကျင်းပ

သန်လျင် မတ် ၁၅

သန်လျင်မြို့နယ် စာရေးဆရာအသင်းကကျင်းပသော ရေးသူ၊ဖတ်သူ စာပေမျှဝေပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းနာယက ဦးကျော်မင်းနိုင်နှင့် မြို့နယ်ပြန်ဆက်ဦးစီးမှူး ဦးအောင်တင်တို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ တွဲဖက်အတွင်းရေးမှူး ဦးအောင်သန်းဦးနှင့် မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစောဝင်းတို့က ရေးသူ၊ ဖတ်သူ စာပေမျှဝေပွဲ ကျင်းပရသည့် ရည်ရွက်ချက်အား ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စာရေးဆရာအသင်းများမှ စာပေ ပညာရှင်များက ဆရာဖိုးစော (သန်လျင်) ရေးသားသည့် အဖေအမေနှင့် အခြားဝတ္တုတိုများပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)