ကျွန်းစုမြို့၌ "သင့်ကြောင့်မီးမလောင်ပါစေနှင့်" အသိပညာပေးဆိုင်းဘုတ်များစိုက်ထူ

ကျွန်းစု    မတ်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့၌  "သင့်ကြောင့်မီးမလောင်ပါစေနှင့်" အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို  မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် (၇) နာရီ အချိန်၌ ကျွန်းစုမြို့ပေါ်ရှိ လမ်းသွားလမ်းလာများပြားသော နေရာ(၅)နေရာတွင် စိုက်ထူ ဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ပါသောကြောင့် မိဘပြည်သူများအနေဖြင့် မီးဘေး လုံခြုံရေးအတွက် အသိ၊ သတိ ရှိစေရန်အတွက် ရည်ရွယ်၍ "သင့်ကြောင့်မီးမလောင်ပါစေနှင့်" ဆိုင်းဘုတ်များကို အ.ထ.က ကျွန်းစုကျောင်းရှေ့၊ အမှတ်(၃)ရပ်ကွက် လမ်းဆုံ၊ ဆေးရုံအရှေ့၊ မြို့မစျေးအရှေ့၊ အမှတ်(၁)ရပ်ကွက် မြို့အဝင်တို့တွင် ကျွန်းစုမြို့နယ် မီးသတ်ဦးစီးဌာမြိုနယ် မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များက ဆိုင်ဘုတ်များကို စိုက်ထူခဲ့ကြ ကြောင်းသိရသည်။

စံပယ်ဖြူ(ကျွန်းစု)