မြစ်ကြီးနား မတ် ၁၆
မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ယနေ့နံနက် ၉ နာရီက အကြိမ် (၄၀)နှင့်အထက် သွေးအလှူရှင်များကို ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းမှ ဂုဏ်ပြုပွဲကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး "သွေးသည်အသက် အသက်သည်သွေး" ဟုဆိုသည်နှင့်အညီ ပြည်နယ်အတွင်း သွေးလိုအပ်သည့် လူနာများအား စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် သွေးဖြင့် အသက်ကယ်ခဲ့ကြသည့် သွေးအလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် (၅၅)ကြိမ်မြောက် သွေးအလှူရှင် ဆရာတော် ဦးဇောတိကအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုပစ္စည်းအား ဆပ်ကပ်လှူဒါန်းပြီး အကြိမ်(၄ဝ)နှင့်အထက် သွေးအလှူရှင် (၁၅) ဦးအား သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်း၊ ကချင် ပြည်နယ်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဘရန်ဒီးနှင့် တာ၀န်ရှိသူတို့ မှဂုဏ်ပြု လက်မှတ်/ ဆုတံဆိပ်နှင့် ဂုဏ်ပြုပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)