မြစ်ကြီးနား မတ် ၁၆
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနား တက္ကသိုလ် ပင်မဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် "တပ်မတော်နဲ့ ပြည်သူ တွဲလက်တူတူ ချီတက်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် "စည်းလုံးချစ်ကြည် တွဲလက်ညီ နိုင်ငံတော်သစ် တည်ဆောက်မည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် "နိုင်ငံတော်ကြီး အေးချမ်းဖို့ တပ်နှင့် ပြည်သူပူးပေါင်းစို့" ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ ကျောင်းသား/သူ စုစုပေါင်း (၂၂) ဦးတို့ပါဝင် ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲသို့ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်စစ်ဆေးခဲ့ကြသည်။
အလားတူ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းတွင်လည်း (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရာ ကျောင်းသား/သူ(၂၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား / သူများအားဆုများ ထိုက်တန်စွာ ချီးမြှင့်သွားမည့်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)