သီပေါမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

သီပေါ မတ်   ၁၈

မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှ တစ်ဆင့်အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ် အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာ စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်နီလာစိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆပ်ပြာဆီ ဖော်စပ်မည့် ပစ္စည်းများ၏ အကျိုးအာနိသင်နှင့် ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘက်စုံသုံး ဆပ်ပြာဆီ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသူများက စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှု မှတ်သား၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်းသိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Club အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ ကွန်ပျူတာအခြေခံသင်တန်း  နှင့်အိမ်တွင်းမှု သင်တန်းများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး (သီပေါ၊ပြန်ဆက်)