မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းယောင်း မတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်)၏ “လူကြီးတွေက စပြင်ပါ လူငယ်ခံစားမှု အတွေးစာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက “လောကကို အကောင်းမြင်ကြည့်ခြင်း အကြောင်းကို လည်းကောင်း၊ Book Club အသင်းမှ ဦးရဲရင့်အောင်က “စာအုပ်တွေကို ချစ်တယ် အကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က “သင်ယူခြင်း အကြောင်းကို လည်းကောင်း၊ Woman Club အတွင်းရေးမှူး ဒေါ်နန်းလျှိုးရှဲန်မုန်းက “အလှဆင်သူများ အကြောင်းကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။

ထို့နောက် မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာ ဗဟုသုတ၊ စာပေဆိုင်ရာ အသိအမြင်နှင့် အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း