အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းသားကျောင်းသူကလေးများ အသိပညာဗဟုသုတ တိုးတက်ဖွံ့ဖြိုးစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 22,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဒီရေတောပျိုးပင် စုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့က ဘုတ်ပြင်မြို့ အောင်မင်္ဂလာရပ်ကွက် ဘုတ်ပြင်း-အုန်းတောကမ်း တံတားအနီး ဒီရေတောတွင် ကျင်းပခဲ့သည်။
Mar 22,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လိုက်လံ အသိ‌ပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ် ကွက်ကဲရေးအဖွဲ့မှ ဉီးဆောင်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက်၅နာရီအချိန် ထုတ်ပြန်ချက်အရ အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်လာမည် ဖြစ်သဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားပါသဖြင့် မိဘပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၉နာရီအချိန်က မြို့အတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြသည်။
Mar 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန် အပြည့်ရှိ ပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကိုတက်ရောက်ခြင်းဖြင့် အားကစားကိုပိုမိုစိတ်ပါဝင် စားလာ စေရန်အတွက် နွေရာသီအခြေခံအားကစားသင်တန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျောက်တန်းမြို့နယ် မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်/စက်များအသင့်စုဖွဲ့ထားရှိမှုကို ယမန်နေ့နံနက် ၈နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ဒေသခံ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ‌ပေးခဲ့သည်။