အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-ပြည်-မန္တလေးလမ်း ကတ္တရာလမ်းသားတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား၊ မတ်လ(၂၂)ရက်နေ့နံနက်(၁၁)နာရီက လမ်းဦးစီးဌာန မြို့နယ်အင်ဂျင်နီယာ ဦးထွန်းအောင်ကြင်နှင့် အရည်အသွေးစစ်ဆေးရေး(QC) အဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြပြီး၊ လမ်းအရည်အသွေး တိုင်းတာစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 22,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နှင့် နောင်ဘိုကျေးရွာတို့၌ တည်ဆောက်နေသည့် အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်စာသင်ဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့မွန်း တည့် (၁၂) နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို၊ အဆိုပါကျောင်းရှိ စုဝေးခန်းမ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 22,2022
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခု ဘဏ္ဍာရေး နှစ်  ပြည်ထောင်စု(မူလ)ရန်ပုံငွေဖြင့် ကျေးလက်ရေရှိရေးလုပ်ငန်း ဆောင်ရွက်သည့် ကျမိုင်းကျေးရွာအုပ်စု၊ မြသာကုန်းကျေးရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
Mar 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး‌ကော်မတီ စေတနာ့၀န်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၃)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်း ကျောင်း ရတနာထွန်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ကြကြောင်း သိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေနှင့် ပတ်သက်၍ သတိပေးကြေငြာချက်များကို ယနေ့ နံနက်ပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။