အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ ဒေသခံပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေဇယားများ လွှဲပြောင်းပေးအပ်ပွဲကို မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု အင်ကြင်းမြိုင်ကျေးရွာရှိ စိန်ဂျိုးဇက် စစ်ဘေးရှောင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်နိုင်ရန် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်း များနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Mar 22,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နမ့်ဆန်မြို့နယ် မီးသတ် ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ၍ ကူညီကယ်ဆယ်ရေးနှင့် ပတ်သက် သည့် အကြောင်းအရာများအား တပ်ဖွဲ့ဝင်များမှ မှာကြားရှင်းလင်းဆောင်ရွက်မှုကို အဆိုပါ ဦးစီးဌာနဝန်းအတွင်း၌ ယမန်နေ့မွန်းလွှဲ(၁)နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။
Mar 22,2022
ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော  အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားနိုင်သဖြင့် တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ပြည်သူများအား မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို မတ်လ ၂၁ရက် ညနေပိုင်းက ရေလုပ်ငန်းဖြင့် အသက် မွေးဝမ်းကြောင်းပြုနေသူ အများဆုံးနေထိုင်သည့် ပုလောမြို့ အမှတ် (၁) ရပ်ကွက်၌ အခမဲ့ဖြန့် ဝေပေးခဲ့ကြသည်။
Mar 22,2022
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Mar 22,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များ အား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များ ရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော
Mar 22,2022
မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် မူးယစ်​ဆေးဝါး သုံးစွဲမှုမရှိ​စေ​ရေးနှင့် ရောင်း၀ယ်ဖောက်ကားမှုမရှိ​စေရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာများ ပျက်စီးယိုယွင်းမှုမရှိစေရေးကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်း မူးယစ်​ဆေးဝါး ဖမ်းဆီးရမိသည့် အဖွဲအစည်းအား ဂုဏ်ပြုဆု​ငွေများ ချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက်ခဲ့သည်။