ဘုတ်ပြင်း မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဒီရေတောပျိုးပင် စုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့က ဘုတ်ပြင်မြို့ အောင်မင်္ဂလာရပ်ကွက် ဘုတ်ပြင်း-အုန်းတောကမ်း တံတားအနီး ဒီရေတောတွင် ကျင်းပခဲ့သည်။
အဆိုပါ ဒီရေတောပျိုးပင် စိုက်ပျိုးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များက ၂၀၂၂ ခုနှစ် အပြည်ပြည် ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် ''မျှတဆင်ခြင်ထုတ်သုံးလျှင် သစ်တောများ တည်မြဲထာဝစဉ်'' ဗီနိုင်းပိုစတာစိုက်ထူကာ ပင်လယ်ဒီရေကာကွယ်ရေးအတွက် ဗျူးခြေထောက်ပျိုးပင် (၅၀) ပင်၊ ဗျူးအုပ် ဆောင်းပျိုးပင် (၅၀) စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)