Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်တလင်းမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 22,2022
၂၀၂၂ ခုနှစ်၊မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုသတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီချိန်က မြို့မစည်ပင်သာယာဈေးနှင့် အနှေးယာဉ် ဂိတ်များတွင် ပြည်သူများအား ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး
Mar 22,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသား ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေး အရေးပေါ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မကြာခင်ဝင်ရောက်လာ နိုင်သည့် အားကောင်းသော မုန်တိုင်းငယ်ကြောင့် မြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် လာနိုင်သဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် စားရေရိက္ခာ ထောက်ပံ့နိုင်ရေးအတွက် အရေးပေါ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 22,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက လူစည်ကားသည့် နေရာများဖြစ်သော မြို့မဈေး ၊ နွားကျော်ဒဈေးနှင့် အထက-တံတားဦးကျောင်းတွင် ကျောင်းသား ၊ကျောင်းသူများအား အသိပညာရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များကို ယနေ့န့က်ပိုင်းက ဖြန့်ဝေပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အလယ်တန်းဆင့် ကျောင်းသား၊ ကျာင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 22,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နယ်စပ်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ မန်ကျည်းမြိုင် အထကခွဲ ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်(Community Centre)ခန်းမ၌ E-mail ပေးပို့နည်းနှင့် သတင်းဗီဒီယို တည်းဖြတ်နည်းသင်တန်းဖွင့်လှစ်
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ E-mailပေးပို့နည်းနှင့် သတင်းဗီဒီယို တည်းဖြတ်နည်းသင်တန်းကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပေးချက်အား ပြည်သူများ သိရှိစေရန် လိုက်လံ အသိပေး နှိုးဆော်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းအန္တရာယ်သိရှိရန်အတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်ကွက် ကျေးရွာများသို့ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 22,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာဖွေဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀) နာရီက ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21997
Page
21998
Page
21999
Page
22000
Current page
22001
Page
22002
Page
22003
Page
22004
Page
22005
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department