အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ များကို ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင်  မြို့နယ်အဆင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ မုန်တိုင်းသတိပေးချက်များကို အချိန်နှင့်တပြေးညီ ပြည်သူများ သိရှိ နိုင်ရေး  လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားသည့်​နေရာများတွင်  Hand Speaker ဖြင့် ယမန်နေ့ ညနေပိုင်းက အသိ​ပေး​ကြေညာလျက်ရှိကြောင်း သိရသည်။
Mar 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ ၂၀၂၂ ခုနှစ်၊ မတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။      
Mar 22,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာဗဟုသုတများ၊ အကျင့်စာရိတ္တနှင့် စည်းကမ်း ကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်စေရန်၊ အားကစားစိတ်ဓာတ် မြင့်မားလာစေရန် ရည်ရွယ်ချက် များဖြင့် လူငယ်ရေးရာဆိုင်ရာ အသိပညာဗဟုသုတ များအား အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ တွင် ပြုလုပ်ခဲ့ကြသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင် စေရန် မုန်တိုင်းသတိပေးချက်အား ယမန်နေ့ည ၈း၃၀ အချိန်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံစုပေါင်းကွန်ယက် လူမှုကူညီရေးအသင်း(ဝါးခယ်မြို့)၊ မြို့နယ် ကြက်‌ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မုန်တိုင်းအသိပေး နှိုးဆော်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 22,2022
မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ယ​နေ့ မွန်း လွဲ၁၂နာရီအချိန်က က​လေးငယ်များအတွက် ​နွေရာသီ အင်္ဂလိပ်စာ အခြေခံသင်တန်း Basic English Grammar & Basic Pronunciation သင်တန်းဖွင့်ပွဲနှင့် လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲကို ကျင်းပခဲ့ သည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တမူးမြို့နယ်ဦးစီးမှူးရုံးမှ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။