အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ မြိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မိုင်းငေါ့မြို့အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူမျာကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် (၉) နာရီ အချိန်က ချုံး‌ကျေးရွာအုပ်စု မန်ဟွေ‌ရွာ၊ မန်ဝိန်းရွာ ၊နမ့်ဖစ်ရွာ ၊ချုံးသစ် ကျေးရွာ တွင် နေထိုင်သူ ပြည်သူများအား မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် ဒုလဝကမှူး ဦးခမ်းရီက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
Mar 22,2022
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “လူငယ်နှင့် ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Mar 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းစာမေးပွဲဖြေဆိုနေမှုကို လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များသည် လွိုင်လင် - ပင်လုံမြို့ရှိစာစ်ဌာနများသို့ ယနေ့နံနက် (၀၉::၃၀) နာရီက ကွင်းဆင်းစစ်ဆေးကြည့်ရှုအားပေးကြသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယ‌မန်နေ့ မြန်မာစံတော်ချိန် (၁၇:၀၀)နာရီက ထုတ်ပြန်ထားသော မုန်တိုင်းသတိပေးချက်များကို ယမန်နေ့ညနေ ၆ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများ၊ ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Mar 22,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အစီအမံဖြင့် ကြက်ဥနှင့် လက်ဖက်ရည်ထုတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အ.ထ.က(၁) အစည်းအဝေး ခန်းမတွင် ပေးအပ်ခဲ့ကြသည်။
Mar 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ရုံးပင် - အေးချမ်းသာ ဆက်သွယ်သောလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတားနှင့် ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်းမြစ်ကူးတံတားများ တည်ဆောက်နေသည့်လုပ်ငန်းများအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့မွန်းလွဲ(၂)နာရီ က သွားရောက်ကြည့်ရှုစစ်ဆေးသည်။