ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ့်ဆန် မတ် ၂၂  

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းသားကျောင်းသူကလေးများ အသိပညာဗဟုသုတ တိုးတက်ဖွံ့ဖြိုးစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရန်အတွက်   လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင် ကောင်းများဖြစ်သည့်အတွက် ဗလငါးတန်ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း  လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြော ခဲ့သည်။

ထို့နောက် ပညာရေးဌာန ဒုတိယဦးစီးမှူး(ကာယ) ဒေါ်သန္တာဦးက ကျောင်းသား/သူကလေးငယ်များ အနေဖြင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားလှုပ်ရှားမှုများ၊ အေရိုးဗစ်အကများ ပြုလုပ်စေလိုပါကြောင်း နွေရာသီ ကျောင်းပိတ်ရက်များတွင်လည်း အားကစားသင်တန်းများဖွင့်လှစ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်