ကျောက်မဲ မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်လွမ်းခြုံနိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် မြို့ကျက်သရေဆောင်ခန်းမ၊ နောင်ပိန်ကျေးရွာအုပ်စု၊ မိုင်းလုံ မြို့နှင့် မိုင်းငေါ့မြို့ စသည့် ဆေးထိုးစုရပ် ၄ နေရာတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးများ ပုံမှန် ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၆၄၇၇၀ ဦးရှိဖြစ်ကာ ကာကွယ်ဆေး လွမ်းခြုံမှုအရ ၅၈ ဒဿမ ၉၇ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျောက်မဲမြို့ ကွန်ဖြူးရှပ်ကျောင်းတွင် အသက် ၁၈ နှစ်အထက် ဝန်ထမ်းနှင့် အသက် ၆၅ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း