မာန်အောင် မတ် ၂၃
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး လေဘေးဒဏ်ခံရနိုင်သော အိမ်ထောင်စုများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ မုန်တိုင်းခိုလှုံနိုင်ရန် Cyclone Shelter များသို့ ပြောင်းရွေ့ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြောင်းရွေ့ပေးရာတွင် လေဘေးဒဏ်ခံရနိုင်သည့် အိမ်ထောင်စုများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများကို ပြောင်းရွှေ့ပေးလျက်ရှိရာ မြို့မရပ်ကွက် မှ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၅၆ ဦး၊ ရန်အောင်မြင်ရပ်ကွက်မှ အိမ်ထောင်စု ၁၅စု၊ လူဦးရေ ၆၄ ဦး၊ ခအုန်းမော်ကျေးရွာအုပ်စုမှ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၁၄၆ ဦး၊ သိမ္ဘလကျေးရွာအုပ်စုမှ အိမ်ထောင်စု ၁၅ စု၊ လူဦး ၄၈ဦးတို့အား သက်ဆိုင်ရာ Cyclone Shelter များသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)