မင်းပြားမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ

မင်ပြား  မတ် ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်  အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်ဆောင်ရွက်မှုဖြင့်  အားကောင်းသော မုန်တိုင်းငယ် အသိပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းနှင့် မုန်တိုင်းအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး  အားကောင်းသော မုန်တိုင်းငယ် (Deep Depession) သည် မတ်လ(၂၂)ရက်နေ့ထိ နေ့လည်ပိုင်းတွင်  ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းသို့ လည်းကောင်း၊ မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတမ်းရှိ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု  ခန့်မှန်းရပါ၍  အဆိုပါအားကောင်းသော မုန်တိုင်းငယ်၏အရှိန်ဖြင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုပ်ရွာခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တပြတ်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်  ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ သင်္ဘောများအနေဖြင့်  ကြိုတင်သတိပြုနိုင်ပါရန် အသံချဲစက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းနှင့် မုန်တိုင်းဘေး ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းနုအောင်