မောက်မယ် မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီး/မပြီး၊ ဆေးထိုးပြီးကြောင်းသက်သေခံ လက်မှတ်ရှိ/မရှိ ကိုစဉ့်ဆိုင်ကျေးရွာအုပ်စုရှိ ပုန်းလောကျေးရွာ ၊ ဝမ်ကျောင်းကျေးရွာ၊ မိုင်းယွန်းကျေးရွာနှင့် နားသဲကြေးရှာသို့လည်းကောင်း နမ့်လွတ်ကျေးရွာအုပ်စုရှိ နမ်းလွတ်ကျေးရွာ၊ ကွန်ခံကျေးရွာ၊ ဖာဟင်ကျေးရွာနှင့် ကွန်မခေ ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို အဖွဲ့(၂)ဖွဲ့ခွဲ၍ ယနေ့နံနက် ၇နာရီခွဲက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးအား ထိုးနှံပြီး/မပြီးနှင့် ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ်များ ပါ/မပါ ၊ ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ရာ သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးစုရပ်တွင် ချက်ခြင်းထိုးနှံစေခြင်း ကို ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်၁၉ ကာကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး ကျေးရွာများရှိ ပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)