ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရှောက်သီးများဈေးကောင်းရ၍ ရှောက်ပင်စိုက်ပျိုးသူများအဆင်ပြေ

ကြာအင်းဆိပ်ကြီး မတ် ၂၃

စားသောက်ကုန်အသီးအနှံများတွင် ရှောက်သီးသည် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက် ရှိပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု /ကျေးများ၌ ‌ရာသီဥတုနှင့် သဘာဝရေမြေအနေ အထားအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး မြို့နယ်အတွင်း၌ ရှောက်ပင်စိုက်ပျိုးဧကပေါင်းများစွာရှိပြီး နှစ်စဉ်မိုးရာသီနှင့် နွေရာသီတွင် ရှောက်သီးများစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ‌  ရှောက်ပင်မှ‌ရှောက်သီးမှာ မိုးရာသီတွင် များစွာသီးသော်လည်း ဈေးနှုန်းမှာ တစ်လုံးလျင် ငွေကျပ်(၄၀)ကျပ်မှ (၅၀)ကျပ်သာရရှိပြီး နွေရာသီတွင် အသီးသီးနှုန်း‌လျော့ကျ‌သော်လည်း ဈေးနှုန်း ပိုမိုရရှိလျက်ရှိပြီး ယမန်နှစ်က ရှောက်သီးဈေးနှုန်း မှာ ထိုက်သင့်သလောက်ရရှိမှုမရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိပြီး ရှောက်သီးတစ်လုံးလျင် ငွေကျပ် (၅၀၀) ကျပ်အထိ ရရှိလျက်ရှိပြီး ရှောက်ပင်စိုက်ပျိုးလုပ်ကိုင်သည့်တောင်သူများအနေဖြင့် ဝင်ငွေများပိုမိုရရှိကာ အဆင်ပြေလျက် ရှိကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ရှောက်ပင်စိုက်ပျိုးဧက ပေါင်း(၄၁၆၉)ဧကခန့်ရှိပြီး အဆိုပါ‌ ရှောက်သီးများကို မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင် မုဒုံမြို့များနှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့သို့ပင် ဝယ်ယူတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး