အမြို့မြို့အနယ်နယ်သတင်းများ

Mar 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ ပူးပေါင်းကျင်းပ၍ ကျောင်းသား၊ ကျောင်းသူများအကျင့် စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် လူငယ်ရေးရာ ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမတွင်  (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ခင်းကျင်းပြသကြောင်း သိရသည်။
Mar 23,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြုလုပ်သောRs to CS မျိုးစေ့ထုတ်တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါလင်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ လူငယ်လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ ဘက်စုံထူးချွန်ရေးအတွက် ရည်ရွယ်၍ ယနေ့နေ့လည် ၁၁ နာရီအချိန်က အ.ထ.က (မိုင်းကိုင်)၊ မြတ်သီရိခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၁၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
Mar 23,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေလမ်းသွားခရီးသွားပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မတ်လ(၂၂) ရက် ညနေပိုင်းက မြိတ်ကမ်းနား ဆိပ်ကမ်းဗောတံတားများတွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် ပညာပေး လက်ကမ်းစာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများကဖြန့်ဝေပေးခဲ့ကြသည်။