အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ သော်လည်း ဟင်္သာတခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံများ ကန်ရေပြည့်မှတ်သို့ မရောက်ရှိ ကြောင်းသိရ

မြန်အောင် မတ် ၂၃

အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့သော် လည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံများဖြစ်သော မမြ၊ ကွန်ချောင်း၊ နန်ကသူနှင့် ကညင်ဆည် ရေလှောင်တမံများ ယနေ့နံနက် ၆ နာရီအချိန်ထိ ကန်ရေ ပြည့်မှတ်သို့ မရောက်ရှိကြောင်းသိရသည်။

ဟင်္သာတခရိုင် မြန်အောင်မြို့နယ်ရှိ မမြဆည်ရေလှောင်တမံ၏ လက်ရှိ ကန်ရေ မှတ်မှာ(၂၈၉.၈)ပေ ရှိပြီး ကန်ရေပြည့်မှတ်မှာ (၃၁၅)ပေ ဖြစ်သောကြောင့် ကန်ရေပြည့်ရန် (၂၅.၂)ပေ လိုအပ်လျက်ရှိ ကြောင်း၊ အင်္ဂပူမြို့နယ်ရှိ နန်ကသူ ဆည်ရေလှောင်တမံ၏ လက်ရှိကန်ရေမှတ်မှာ (၂၁၀.၄)ပေ ရှိပြီး ကန်ရေပြည့်အမှတ်မှာ (၂၆၀)ပေ ဖြစ်သောကြောင့် ကန်ရေပြည့်ရန် (၄၉.၆)ပေ လိုအပ်လျက်ရှိပြီး ကညင်ဆည်ရေ လှောင်တမံ လက်ရှိကန်ရေမှတ်မှာ (၂၅၅.၅)ပေရှိပြီး ကန်ရေပြည့်မှတ်မှာ(၂၈၈)ပေ ဖြစ်သောကြောင့် ကန်ရေပြည့်ရန် (၃၂.၅)ပေ လိုအပ်လျက်ရှိကြောင်း၊ ကြံခင်းမြို့နယ်ရှိ ကွန်ချောင်း ဆည်ရေလှောင်တမံ လက်ရှိကန်ရေမှတ်မှာ (၂၅၆.၉)ပေရှိပြီး ကန်ရေပြည့်မှတ်မှာ(၂၇၇)ပေ ဖြစ်သောကြောင့် ကန်ရေပြည့်ရန် (၂၀.၁)ပေ လိုအပ်လျက်ရှိကြောင်း၊  မုန်တိုင်းအရှိန်ကြောင့် မိုးရွာ သွန်းမှုဖြစ်ပေါ်ခဲ့သော်လည်း ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု နည်းပါးခဲ့ကြောင်းနှင့် ယခုအခါ ဆည်ရေလှာင်တမံများမှ နွေစပါးစိုက်ပျိုးရန်အတွက် ရေပေးဝေလျက်ရှိကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးသိန်းဌေးထံမှသိရှိရသည်။

ဝင်းဗိုလ် မြန်အောင်