လှည်းကူး မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ခင်းကျင်းပြသကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော် စတင်ဖွဲ့စည်းခဲ့စဉ် ပါဝင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်များ၏ အချက်အလက်များ၊ တပ်မတော်နေ့ဖြစ်ပေါ်လာပုံ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏ အစဉ်အလာ၁၂ရပ်၊ တပ်မတော်၏ အဓိကတာဝန်၊ ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ နောင်ရိုးတိုက်ပွဲအဆိုအမိန့်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စာအုပ်/ စာစောင်များ ပြသထားမှုကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)