ဒလမြို့နယ် အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတွင် တစ်ခါသုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပတ်၀န်းကျင်ညစ်ညမ်းမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ဒလ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တစ်ခါသုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပတ်၀န်းကျင်ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာ‌ပေးဟောပြောပွဲကို အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့(၂)ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး‌ ဒေါ်ဇင်မီမီလင်းက ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်‌ရောက်မှုကြောင့် ဖြစ်ပွားနိုင်သောရောဂါများ၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပလတ်စတစ်အသုံးပြုမှုလျော့ချခြင်းဖြစ် သဘာ၀ပတ်၀န်းကျင်သာယာလှပရေးကို အထောက်အကူပြုကြရန်၊ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျော့ချ၍ စက္ကူအိတ်၊ အင်ဖက်တို့ကို အစားထိုးအသုံးပြုကြရန်၊ ပလတ်စတစ်ကြောင့် ပတ်၀န်းကျင်ကိုထိခိုက် ညစ်ညမ်းစေခြင်းစသော ကောင်းကျိုးနှင့် ဆိုးကျိုးများကို‌ ဟောပြောခဲ့ပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယို clip ဖြင့်ပြသခဲ့သည်။ ထို့နောက် မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၀န်ထမ်းများက မြစ်ချောင်းနှင့် အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျော့ချရေးနှင့် ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများထိန်းချုပ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို အခဲ့မဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကျောင်းသား ကျောင်းသူများကို ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများမေးမြန်းကာ အဖြေမှန်ရရှိသူများအား ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေလှိုင်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)