Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြောင်းမြမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး) ၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပ
Dec 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ဦးစီး ကျင်းပသော ပထမအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ များကို အ.ထ.က−၁ကျောင်း၌ ယနေ့နေ့လယ်(၁၂:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 25,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် ၂ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် အစိုးရ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ
Dec 25,2021
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေး
Dec 25,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ၂၁/၂၃ ရက်များ က ဒေသခံတိုင်းရင်းသား ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲခရိုင် Community Centreခန်းမတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသ
Dec 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ Community Centreခန်းမ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့ မဏိစည်သူဈေးမီးဘေးလုံခြုံရေးစစ်ဆေးဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Dec 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ၊မြို့နယ်စီပင်သာယာရေးဖွဲ့ပိုင် မဏိစည်သူ ဈေးကြီးမီးဘေးလုံခြုံရေးအတွက် ဒီဇင်ဘာ ၂၄ရက်နေ့၊နေ့လည် ၁နာရီချိန်ခန့်က ခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မဏိစည်သူဈေးကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများ၊ဈေး ဆိုင်ခန်းများလိုက် မီးသတ်ဆေူးဗူး ချိတ်ဆွဲထားရှိမှုအခြေအနေများ၊ရေရရှိရေးစီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊အသင့်တပ်ဆင်ထားသော မဏိစည်သူဈေးပိုင် အပေါ့ စားမီးသတ်စက်များကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိနှင့်စွမ်းအားပြည့်အသုံးပြုနိုင်မှု ရှိ/မရှိ၊အခြေ အနေများ၊မီးသတ်ယာဉ်ဝင်ထွက်သွားလာနိုင်မှု အခြေအနေများနှင့်မီးသတ်ရေတိုင်ငုတ် များထားရှိမှုအခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးတင်မြင့်နှင့်စည်ပင်သာယာရေးဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မင်းနှင့်ရဲတပ်ဖွဲ့ဝင်များနှင့်အတူလှည့်လည်စစ် ဆေး၍လိုအပ်သည်များအကြံပြုဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးရေးပြိုင်ပွဲများ ကျင်းပ
Dec 25,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် မော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ၂နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ၊ နှာခေါင်းစည်း Face Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာ ရေးအသိပညာပေး ပိုစတာဗီနိုင်းများ ချိ…
Dec 25,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ၊ နှာခေါင်းစည်း Face Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပိုစတာဗီနိုင်းများချိတ်ဆွဲခြင်းတို့ကို ဒီဇင်ဘာလ(၂၄)ရက်နေ့ ယနေ့နံနက်(၈)နာရီအချိန်ခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ လူစည်ကားရာနေရာ များဖြစ်သော မြို့မဈေးကြီးနှင့် ရတနာဈေး အနီးတဝိုက်နေရာများ ၊ လမ်းဘေးလ္ဘက်ရည်ဆိုင်များတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19445
Page
19446
Page
19447
Page
19448
Current page
19449
Page
19450
Page
19451
Page
19452
Page
19453
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department