သာစည် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ၂၁/၂၃ ရက်များ က ဒေသခံတိုင်းရင်းသား ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်လေးရပ်နှင့်အညီ ဆောင်ရွက်ပေးနေမှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး၊လယ်ပြင်ကျေးရွာအုပ်စုရှိ၊ ရေပူကျေးရွာနှင့် ပင်မုန်းကျေးရွာ၊ သမန်းကန်ကျေးရွာအုပ်စုရှိ ပြည်သူများအား သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် အသက် ၁၆ နှစ်အထက် ဒေသခံပြည်သူ ၁၃၀ ဦး တို့အား ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်ထံက သိရသည်။ မြို့နယ်(ပြန်/ဆက်)