ကျောက်မဲခရိုင် Community Centreခန်းမတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသ

ကျောက်မဲ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ Community Centreခန်းမ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်း၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ဆောင်းပါးများ လွတ်လပ်ရေးသစ္စာဓိဌာန် ၊ လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဆိုအမိန့်များ၊ ဆောင်ပုဒ်များ၊ ကဗျာများ၊   ကာတွန်းများအပြင် ကိုဗစ် ၁၉ ‌ရောဂါ ဗီဇမျိုးပြောင်း အိုမီခရွန်ရောဂါ ဆိုင်ရာများ ပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် လွတ်လပ်ရေးနေ့နှင့် ပတ်သတ်သည့်စာအုပ်များအပြင် သုတရသစာအုပ်များ၊ ကဗျာ၊ပုံပြင်၊ မဂ္ဂဇင်း ရုပ်ပြများစုံလင်စွာ ပြသထားရှိရာ စာဖတ်ပရိသတ်နှင့်ပြည်သူများ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)