မြောင်းမြမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး) ၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပ

မြောင်းမြ   ဒီဇင်ဘာ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ဦးစီး ကျင်းပသော ပထမအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ များကို အ.ထ.က−၁ကျောင်း၌ ယနေ့နေ့လယ်(၁၂:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲသို့ လူပုဂ္ဂိုလ်နှင့် သီလရှင်များဝင်ရောက်ဖြေဆိုကြပြီး အဘိဓမ္မာ(ရိုးရိုး) ဖြေဆိုသူ (၆၅)ဦး၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)(၁)ဦးနှင့် ဝိသုဒ္ဓိမဂ်(၁)ဦး၊ စုစုပေါင်း(၆၇)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။ ယခုကျင်းပသည့် အဘိဓမ္မာ(ရိုးရိုး) စာမေးပွဲသည် (၆၉)ကြိမ်မြောက်၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)စာမေးပွဲသည် (၆၆)ကြိမ်မြောက်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲသည် (၆၄)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ ဒုတိယအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ်  စာမေးပွဲများကို (၂၅−၁၂−၂၀၂၁)ရက်နေ့တွင် လည်းကောင်း၊ တတိယအဆင့် အဘိဓမ္မာ(ရိုးရိုး) အဘိဓမ္မာ (ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို (၂၆−၁၂−၂၀၂၁)ရက်နေ့ တို့တွင်လည်းကောင်း ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)