Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်…
Jan 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော် မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို အမာမြို့(၁)ရပ်ကွက်ရှိ တိလောကအောင်တော်မူ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နံနက်(၉)နာရီက စတင်ကာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနေ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပညာပေးလျက်ရှိ
Jan 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်၁၉- ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူ သိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ဇန်နဝါရီလ ၈ရက် မွန်းလွဲပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာသို့ ကျောက်ဖြစ်ရုပ်ကြွင်းဝါသနာရှင်၊ပညာရှင်များလာရောက်လေ့လာနိုင်
Jan 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက် ကျေးရွာမှ မြောက်ဘက် ၁ မိုင် ၅ ဖာလုံခန့်အကွာ၊ ပုပ္ပားဂေါက်ကွင်းမှ အနောက်ဘက် ၁ မိုင် ၁ဖာလုံခန့် အကွာတွင်ပုပ္ပားအုပ်စု၊ သံဖိုချောင်းဖျားကျေးရွာနှင့်သံဖိုအုပ်စု၊ သံဘိုအလယ်ရွာ၊ သံဘိုရွာသစ်တို့ တွင်နှစ်သက်တမ်းများစွာက တည်ရှိခဲ့သည့် ကြီးမားသည့်အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းနှင့် သံချက်ဖိုတွေအား ရပ်ရွာအခြေပြုခရီးစဉ်ဒေသဖြစ်နိုင်၊ မဖြစ်နိုင်နှင့်တိုင်းရင်းဆေးရွာလုံး ကျွတ်ထုတ်လုပ်ရောင်းချနေပုံများအား လာရောက်လေ့လာပါရန်သံဘိုကျေး ရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး၏ တက်ကြွသည့်ဖိတ်ကြားမှု၊ သွားရောက်လေ့လာ လိုသည့်စိတ်တို့ဖြင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံဌာနခွဲရုံးမှ ဦးမျိုးမင်းအောင်(လက်ထောက် ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် အဆိုပါရှေးအလွန်ကျသည့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်း မြို့နယ်သံဘိုကျေးရွာသို့သွားရောက်၍ ရပ်ရွာအခြေပြုခရီးစဉ်ဒေသ ဖော်ဆောင်လို့ရမရနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ပြောကြားထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ အမှန်တကယ်ရှိမရှိ မဏာမသွားရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ စက်စက်ယိုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ ဂါလံ ၈၀၀ လှူဒါန်း
Jan 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုက ဇန်နဝါရီ ၉ ရက်နေ့၊နံနက်ပိုင်းက သောက်သုံးရေ ဂါလံ ၈၀၀ လှူဒါန်းခြင်းနှင့် ဇန်နဝါရီ ၈ ရက်နေ့လည်း တောင်ဇင်းတိုက်နယ် တဲဘုံမတဲတိုက်သို့ သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်၏ (Door to Door) စနစ်ဖြင့် အိမ်အရောက် ကွင်းဆင်းဆောင်ရွက်ပေး
Jan 09,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံး၏ ပြည်သူများအား ပန်းခင်းစီမံချက်၏ (Door to Door) စနစ်ဖြင့် အိမ်အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်များအား ယနေ့ နံနက် ၉ နာရီခွဲက ရေထွက်ကျေးရွာအုပ်စု၊ ဝါးကပ်တန်းကျေးရွာ၊ ပေါက်တောချောင် ကျေးရွာတို့သို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ Baby Mask နှင့် တီရှပ်အင်္ကျီများ လှူဒါန်း
Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ အ.လ.က(၁၀)နှင့် မူလွန်(၁၃)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ Baby Mask နှင့် တီရှပ်အင်္ကျီများ လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေး၌ သဘာဝရေပြင် သဝန်းတောချောင်းအတွင်း ငါးကောင်ရေလေးသိန်း ငါးမျိုးများစိုက်ထည့်
Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် တွံတေးငါးလုပ်ငန်းစခန်းတို့မှ ငါးသံယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်း နိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက တွံတေးမြို့နယ်၊ သဝန်းတောချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19443
Page
19444
Page
19445
Page
19446
Current page
19447
Page
19448
Page
19449
Page
19450
Page
19451
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department