အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး  Talk  Show  ကို ယမန်နေ့  နံနက် (၁၁)နာရီက ပုလောမြို့နယ် Community Centre တွင် ကျင်းပခဲ့သည်။
Jan 12,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက်  ရပ်ကွက်၊ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို  ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အရေးကြီးပုံများကိုလည်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရ သည်။
Jan 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Center ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက စာရေးဆရာ မောင်မောင်ညွန့်လှိုင်၏ ကျွန်မစာတတ်ချင်သည်နှင့် အခြားဝတ္ထုတိုများ စာအုပ်ထဲမှ "မညစ်ပတ်နှင့် ညစ်လျှင်ပတ်တတ်သည်" အား မိတ်ဆက်ခြင်း အစီအစဉ် ဆောင်ရွက်ခဲ့သည်။
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ကျောက်တန်းလယ်ထွေ သမဝါ ယမအသင်း၏ ၂ဝ၂ဝ- ၂ဝ၂၁ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းကျေးရွာ လယ်ထွေ သမဝါယမ အသင်းရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စ၍ မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံ၊ မိုင်းကောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၊ မိုင်းဟမန်မုံ တိုက်နယ်ဆေးရုံနှင့် နားခိုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း စသည့် စုရပ်(၄)ခု၌ ပြည်သူ(၂၃၅) ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် တွံတေးမြို့ဂုဏ်ဆောင် နိုင်ငံကျော် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ ဂန္တဝင်တေးသံရှင် တွံတေးသိန်းတန်၏ ကြေးရုပ်တု (၂)နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်ပွဲကို တွံတေးသိန်းတန်ရုပ်တုဖြစ်မြောက်ရေး ကော်မတီနှင့် တွံတေးသိန်းတန် မိသားစုတို့က တွံတေးသိန်းတန်သီချင်းများကို ချစ်မြတ်နိုး၊ ကြိုက်နှစ်ကြသူများအတွက် သတိရ အမှတ်ရကြစေရန် ယနေ့ နံနက် ၈ နာရီက ဓမ္မလင်္ကါရပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ ကြောင်း သိရသည်။
Jan 12,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ထိ ၇၃ ဒသမ ၄၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ် ကြောင်း သိရသည်။