အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက ပေါင်းတည်မြို့ စျေး(၁)၊ စျေး(၂)နှင့် ပျဉ်းပင်ကန်ရပ်ကွက်နေ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Dec 23,2021
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကလေးငယ်များအား ကာယဉာဏ စွမ်းရည်တိုးတက်စေရန် ပြိုင်ပွဲများအား စဉ်ဆက်မပြတ်
Dec 23,2021
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့ နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ က ပြပွဲများ ကျင်းပခဲ့သည်။
Dec 23,2021
သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန် ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်းသိရသည်။
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူး စက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာကလေး ရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်းပြည်လုံးချမ်းသာခန်းမနှင့် သတ်မှတ်ဆေးထိုးစုရပ်များတွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Dec 23,2021
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများအား ယနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်းတွင် ကျင်းပသည်။
Dec 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ပါဝင်သည့် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။