အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန့်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ ပင်စင်လစာငွေများကို ဒီဇင်ဘာ၂၁ရက်နေ့မှ စတင်ပြီး သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိရာ တတိယမြောက်နေ့အဖြစ် ယနေ့နံနက် ၇နာရီခွဲ က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Dec 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့တွင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးအောင်ဇော်ဦး ကြီးကြပ်မှုဖြင့် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်း စာစောင်များကို ယမန်နေ့နံနက် (၉) နာရီက မြို့မစျေးနှင့် ရပ်ကွက်/ကျေးရွာ နေ‌အိမ်များတွင် ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစား ပြိုင်ပွဲများ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လည် ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြပညာရေး ဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၇/၂၀၂၀) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာနှစ်ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၃.၀၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ် (၃) ရပ်ကွက်၊ မကွေးလမ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
Dec 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါဝင်သည့် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသသည်။