ဟင်္သာတမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဟင်္သာတ ၊  ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူး စက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာကလေး ရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်းပြည်လုံးချမ်းသာခန်းမနှင့် သတ်မှတ်ဆေးထိုးစုရပ်များတွင်  အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို အသက် (၁၈)နှစ်နှင့်အထက်နှင့် သက်ကြီးရွယ်အိုများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ ဟိုတယ် တည်းခိုးခန်းဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ အလုပ်သမားအဖွဲ့များ၊ အကျဉ်းသားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော  သတ်မှတ်ဦးတည်အုပ်စုများအလိုက်  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။         

ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မူနှင့်အတူ၊  ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများအတိုင်း စနစ်တကျရှိရေး ဆောင်ရွက်ပေးခြင်း၊  ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမူရေးအဖွဲ့များကလည်း  ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်  ကျန်းမာရေးဌာန ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆန်းလွင်ထံမှ သိရသည်။

ကိုဇော်