ဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများနေ့ ချင်းပြီး ထုတ်ပေးလျက်ရှိ

ဘီးလင်း ဒီဇင်ဘာ ၂၃

သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန် ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ mask များစနစ်တ ကျတပ်ဆင်ခြင်း၊ လက်ဆေးဘေဇင်များ တွင်စနစ်တ ကျလက် ဆေးခြင်း၊ သတ်မှတ်နေရာတွင် စနစ်တကျထိုင် ခြင်း၊ အပူချိန်တိုင်းတာပေးခြင်းများကိုဆောင်ရွက် ပေးလျက်ရှိသည်။ ဘီးလင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင်ထုတ်ယူသူ (၁၉၈၄) ဦးရှိပြီး အဆိုပါ ပင်စင်စားများကို ဒီဇင်ဘာ ၂၁ ရက်နေ့မှ လကုန်ရက်နေ့ အထိထုတ်​ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်​ခြင်းမရှိသူများကို ဇန်နဝါရီလအတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထူးနောင် ဘီးလင်း