ကွန်ဟိန်း ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ပါဝင်သည့် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးတို့ကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ပြသထားပါသည်။
ကွန်ဟိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ နံရံကပ်စာစောင်ပြသခြင်းအား ဒေသခံပြည်သူများ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ပြသခြင်းဖြစ်ပြီး ဒေသခံပြည်သူများမှ လာရောက်လေ့လာကြည့်ရှု့ကြကြောင်း သိရသည်။
ပြည့်(ကွန်ဟိန်း)