(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပုသိမ်ကြီးမြို့ Community Centre တွင်ကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၂၃

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့ နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ က ပြပွဲများ ကျင်းပခဲ့သည်။

ပြပွဲတွင် ပုသိမ်ကြီးအထကမှ ကျောင်းသား/သူများက လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး၊ ပြပွဲတွင် လွတ်လပ်နေ့အကြောင်း ကျောင်းသားလူငယ်များ ဗဟုသုတရစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပြန်/ဆက်ဦးစီးမှူးထံမှ သိရသည်။ ထို့နောက် ပြပွဲတွင် အလှူရှင် ဦးမျိုးဝင်းနိုင်+ဒေါ်ကြူကြူလွင် (မိသားစု) မှ လှူဒါန်းသည့် ပစ္စည်းများအား မြို့နယ် ပြန်/ဆက် ဦးစီးမှူးမှ အမှတ်တရ လက်ဆောင်များအား ပြန်လည်ပေးအပ်ခဲ့သည်။

ပြပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ကြည်ကြည်နွဲ့နှင့် ဝန်ထမ်းများ၊ ပုသိမ်ကြီးအထကမှ အလယ်တန်းပြဆရာမ ဒေါ်သဲအေးသန့်ဇင် နှင့်  ကျောင်းသား/သူများက တက်ရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)