စုကလိမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်

စုကလိ  ဒီဇင်ဘာ  ၂၃

ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကလေးငယ်များအား ကာယဉာဏ စွမ်းရည်တိုးတက်စေရန် ပြိုင်ပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  လာမည့်ဇန်နဝါရီ လ ၄ ရက်နေ့ တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် အလယ်တန်းအဆင့် မြန်မာစကားပုံဆက်ပြိုင်ပွဲအား ယမန်နေ့ ညနေ ၃ နာရီအချိန်က စုကလိ မြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ မှ ပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက်  စုကလိမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသူ ၁၀ ဦးတို့ မှ ၀င်ရောက်ယှဉ်ပြိုင်ကြပြီးနောက် ဆုရရှိသူများအား ဆုများနှင့်အမှတ်တရ ပစ္စည်းများအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်