ရေဖြူ ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့တွင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ဦး ကြီးကြပ်မှုဖြင့် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်း စာစောင်များကို ယမန်နေ့နံနက် (၉) နာရီက မြို့မစျေးနှင့် ရပ်ကွက်/ကျေးရွာ နေအိမ်များတွင် ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေမှုတွင် ရေဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦး၊ ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် ၀န်ထမ်းများက မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ (၄၀၀) စောင်၊ အရေးကြီး နေရာနှင့် မီးဘေးဖြစ်ပေါ်နိုင်သော နေရာတို့တွင် အရေးပေါ်ဖုန်းနံပါတ် စတေကာအကြီး (၄၅၀) ခုနှင့် စတေကာ အသေး (၂၇၀၀) စုစုပေါင်း (၃၅၅၀) ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခတ္တာ