အထက်မင်းလှ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန့်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ ပင်စင်လစာငွေများကို ဒီဇင်ဘာ၂၁ရက်နေ့မှ စတင်ပြီး သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိရာ တတိယမြောက်နေ့အဖြစ် ယနေ့နံနက် ၇နာရီခွဲ က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပင်စင်လစာငွေများထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိရာ ပင်စင်လစာထုတ်ယူသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြသည်။
မင်းလှမြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေ့စဉ်နံနက် ၇နာရီခွဲမှ မွန်းတည့် ၁၂နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်း မရှိသော ပင်စင်စား ဝန်ထမ်းများအား ဇန်နဝါရီလဆန်းတွင် ဘဏ်လုပ်ငန်းအချိန်အတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မင်းလှမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၇၈၈)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)