အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူ များနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများကို ယမန်‌နေ့ နေ့လည်ပိုင်း က ဆေးထိုးစုရပ် (၄) နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
Dec 24,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ယမန်နေ့ည‌နေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန် ချက်အား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
Dec 24,2021
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Dec 24,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား စတုတ္တအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက  သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မ င်္ဂလာဒုံမြို့နယ်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကျင်းပပြုလုပ်သော အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီက ထခွဲလ(၅)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ နံရံကပ်စာစောင်များ ပြသထားရာ ယနေ့ နံနက် (၁၁)နာရီက ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Dec 24,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဝေးလံခေါင်ဖျားသော‌ ဒေသများမှ ပြည်သူများအား  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများရှိ ပြည်သူ များအား ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား သက်ဆိုင်ရာစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။