မင်္ဂလာဒုံ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက် (၁၁)နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို (အထိမ်းအမှတ်) ကဗျာရွတ် ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဟောပြောပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် ကဗျာရွတ်ဆိုပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ ပုံပြောပြိုင်ပွဲ ဝင်သူ (၁၀)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲဝင်သူ (၁၀)ဦး စုစုပေါင်း(၃၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး ဆုမရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်း ပုံဆွဲစာအုပ်များ လက်ဆောင်ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေး နေ့နှင့် သက်ဆိုင်သည့် သမိုင်းကြောင်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)