လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ နံရံကပ်စာစောင်များ ပြသထားရာ ယနေ့ နံနက် (၁၁)နာရီက ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံအချို့အား ဒေသခံပြည်သူများမှ လာရောက်ကြည့်ရှူကြကြောင်း သိရသည်။
ဝေဝေ (ပြန်/ဆက်)