မောင်တော ဒီဇင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဝေးလံခေါင်ဖျားသော ဒေသများမှ ပြည်သူများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများရှိ ပြည်သူ များအား ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား သက်ဆိုင်ရာစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော ခမောင်းဆိပ်ကျေးရွာအုပ်စုမှ ကျေးရွာ ၉ ရွာနှင့် အောင်သပြေကျေးရွာအုပ်စုမှ ကျေးရွာ ၄ ရွာရှိ အမျိုးသား(၁၆၀)ဦးနှင့် အမျိုးသမီး(၁၃၀)ဦး စုစုပေါင်း လူဦးရေ(၂၉၀)ဦးအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြီး သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက် ဆုံး/ ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။
မောင်တောခရိုင်အတွင်း ဝေးလံခေါင်ဖျားမြို့များရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၂၀) ရက်နေ့မှ (၂၂)ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်ပေးပြီးသူ အမျိုးသား(၃၇၀)ဦး၊ အမျိုးသမီး (၃၁၉) စုစုပေါင်း (၆၈၉)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက် (၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)