အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် နောင်ကျင်းပမည့်ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့နေ့လည် ၁ နာရီက မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးသို့သွားရောက်စစ်ဆေးခဲ့သည်။
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ နယ်၊ ထူးကြီးဒေသ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု ငပြေမအင်းကျေးရွာအနီးရှိ ၂၀၂၁-၂၀၂၂ Mini ဘဏာရေးနှစ်အတွင်း တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဖောက်ချောင်းတာကျိုးပေါက်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးအောင်ဆန်းဝင်း ဒုဦးစီးမှူး (မြို့ပြ)၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
Dec 23,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌‌ပျော်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ၂၁ ရက်နေ့မှစ၍သက်ဆိုင်ရာ ကျောင်းများအလိုက် ကျင်းပပေးလျှက်ရှိကြောင်း သိရသည်။
Dec 23,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဦးစီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့နံနက် (၉:၀၀)နာရီ​တွင် မြောင်းမြ​မြို့နယ် ထုံးဘိုဗျိုင်းဖြူကျေးရွာအုပ်စု၊ ထုံးဘိုကျောင်းတိုက်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယမန်နေ့နေ့လည် ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Clup) အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ အနာဂတ်ကိုမျှော်တွေးပါ စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြသည်။
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၁နာရီအချိန် က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် (၁၀)နာရီက မီးငြိမ်းသတ်ရေး ဇက်တိုက် လေ့ကျင့်ခဲ့ကြသည်။