ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား စတုတ္တအသုတ် (ဒုတိယ)အကြိမ်အဖြစ်  လူဦးရေ ၁၃၄၇ ဦးအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မောင်တော ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား စတုတ္တအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက  သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက်ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေး ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စုတွင် ပါဝင်သည့် သူများအနက် စတုတ္တအသုတ် (ဒုတိယ)အကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက  ဘုန်းတော်ကြီး/သီလရှင်ကျောင်းနှင့် သာသနာ့ဝန်ထမ်း ၁ ဦး၊ နိုင်ငံဝန်ထမ်း ၁၀ ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၄၆၂ ဦး၊ ဈေးရောင်းချသူ  ၆၅ ဦး၊ မှီခိုသူ ၈၀၆ ဦး၊ မသန်စွမ်းသူ ၃ ဦး  စုစုပေါင်းလူဦးရေ  ၁၃၄၇ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၃၃၉၂ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)