မင်းလှမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော် ကြေညာ

အထက်မင်းလှ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့ည‌နေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန် ချက်အား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ကြေညာရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ အကြမ်းဖဲ့အဖွဲ့အစည်းအဖြစ် ထုတ်ပြန် ကြေညာခဲ့ သည့် NUGCRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ် သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့တို့မှလည်း နိုင်ငံရေး၊  စစ်ရေးအမြတ် ထုတ်ရန် အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက် ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီး ရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း‌ ဖော်ထုတ်ဖမ်းဆီးရမိ သိမ်းဆည်းလျက်ရှိပါကြောင်း၊      ၎င်းအပြင် နိုင်ငံသူနိုင်ငံသားများ၏ မသိနားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်း ယူလျက် မိမိတို့၏ တရားမဝင် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိကြောင်း၊ သို့ဖြစ်ရာ       အကြမ်းဖက် သမားများနှင့် မသက်ဆိုင်သူများကို မလိုလားအပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိစေနိုင်ရေး အလို့ငှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့  နောက်ဆုံးထား၍ နိုင်ငံသူနိုင်ငံသားများအားလုံးသည်      အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင်     တရားမဝင် လက်နက်၊ ခဲယမ်း ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင်     နိုင်ငံတော် ဥပဒေအရတားမြစ်ပြဌာန်းထားသည့် မူးယစ်ဆေးဝါးများ၊ လက်ဝယ်သို့ ရောက်ရှိ သိမ်းဆည်း ထားခြင်းများရှိကြပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၊ နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြပါရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပြီး နောက်စစ်ဆေးတွေ့  ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်သူများ သိရှိနိုင်ရန် အသံချက်စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)