အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်(၈)နာရီက ထိတန် ကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ ကြောင်း သိရသည်။
Dec 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပခြင်းကို မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယနေ့ နေ့လယ် ၂ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ ကျင်းပကြသည်။
Dec 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ပါညုကျေးရွာ၌ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သောက်သုံ ရေရှိရေးနှင့် ကျေးရွာနေပြည်သူများ
Dec 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ပါဝင်သည့် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသသည်။
Dec 24,2021
သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ အစည်းအ‌ဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက သံတွဲခရိုင်ရုံး ဝန်ထမ်းများ စုပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ လူငယ်နှင့် အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
Dec 24,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့်ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခြေခံပညာ ကျောင်းနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စုများ အရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်ရက်နေ့ နံနက်ပိုင်းကလည်း ဝါးတရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူကလေး ငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို ကျားဟုန်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Dec 24,2021
တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန် နှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများသည် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။
Dec 24,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမသုံးပတ်အတွက် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၄၄၇) ဦးတို့အား လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန၊ ရုံးတွင် ထောက်ပံ့ပေးအပ်ပွဲပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။